http://www.acefitness.org
ကျန်းမာရေးကို အလေးထားပြီး အားကစားနည်း ကို လေ့လာလိုက်စားလိုသူတွေအတွက် ကိုယ် လက်လှုပ်ရှားအားကစားနည်းတွေကို လေ့ကျင့်ခန်း တစ်မျိုးချင်းစီအလိုက် စီစဉ်တင်ဆက်မှုတွေ လုပ်ပေးထားတဲ့ဝက်ဘ်ဆိုက်ပါ။ ကျန်းမာပျော်ရွှင် တဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့ ကျန်းမာရေးနဲ့ပက်သက်တဲ့ လေ့ကျင့်ခန်းတွေကို စနစ်တကျနဲ့ ပြုလုပ်တတ်စေဖို့ ဒီဝက်ဘ်ဆိုက်က တစ်စုံတစ်ရာ အထောက်အကူပြုပေးနိုင်မှာပါ။ ခေါင်း၊ ခါး၊ ခြေ၊ လက် စတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို အဆင့်တစ်ဆင့်ချင်းစီအလိုက် ပြုလုပ်ပုံနည်း စနစ်တွေကို စနစ်တကျနဲ့ပြသထားပါတယ်။ ကဏ္ဍတစ်ခုချင်းစိမှာ စိတ်ဝင်စားဖွယ်ရာ ကျန်းမာရေးလေ့ကျင့် ခန်းတွေကို တင်ဆက်ပေးထားတဲ့အပြင် Level တစ်ခုချင်းစီအလိုက်လည်း လေ့လာလို့ရအောင် ပြုလုပ် ထားပါတယ်။ လူမှုရေးဝက်ဘ်ဆိုက်ကနေတစ်ဆင့်လည်း လေ့ကျင့်ခန်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Ref: Net Guide
No comments:
Post a Comment