ငှက်တွေကို စိတ်ဝင်စားပြီး ချစ်ခင်တဲ့သူတွေအတွက် ငှက်တွေအကြောင်း ပြည့်ပြည့်စုံစုံသိရှိခွင့်ရမယ့် ၀က်ဘ်ဆိုက်တစ်ခုပါ။ ငှက်မျိုးစိတ်တစ်ခုချင်းစီတိုင်းကို အသေးစိတ်သုတေသနပြုထားပြီး ဘယ်လိုပုံဏ္ဍာ ရှိတယ်၊ ဘယ်လိုဒေသမှာ နေထိုင်ကျက်စားလေ့ရှိတယ်၊ အမျိုးအစားဘယ်နှစ်မျိုးရှိတယ် စသဖြင့် ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် မိမိသိရှိလိုတဲ့ ငှက်ရဲ့မြည်သံကိုပါ နားဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ မိမိစိတ်ဝင်စားတဲ့ ငှက်နဲ့အသွင်သဏ္ဍာန်ချင်းဆင်တူတဲ့ အခြားငှက်မျိုးစိတ်တွေကိုလည်း ဖော်ပြပေး ထားပြီး လေ့လာလို့ရအောင် စီစဉ်ပေးထားပါတယ်။ ငှက်အမျိုးအစားပေါင်းစုံတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံတွေကိုလည်း ဒီဝက်ဘ်ဆိုက်မှာ ပြသပေးထားတာမို့ ငှက်ချစ်တဲ့သူတွေ၊ ကျေးငှက်တွေရဲ့ သဘာဝကို စိတ်ဝင်စားသူတွေအတွက် လေ့လာစရာဝက်ဘ်ဆိုက်ကောင်းတစ်ခုပါ။
Ref: Net Guide
No comments:
Post a Comment